တော်ဝင်မင်္ဂလာပွဲတွင် ပေါင် ၁ သိန်းတန် မင်္ဂလာဂါဝန်ကို မီဂန်မာကယ်လ် ဝတ်ဆင်မည်

လာမယ့် မေလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲမှာ သတို့သမီးလောင်း မီဂန်မာကယ်လ်က ပုတီးစေ့တွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ ပေါင် ၁ သိန်းတန် လက်ချုပ်ဂါဝန်ကို ဝတ်ဆင်မယ်လို့ လူတွေက ခန့်မှန်းနေကြကြောင်း သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ မကြာမီကျင်းပတော့မယ့် မင်္ဂလာပွဲမှာ ဝတ်ဆင်မယ့် ဂါဝန် ၂ ထည်ထဲက ပထမအထည်အတွက် ရုပ်ရှင်မင်းသမီးဟာ ဗြိတိန် ဖက်ရှင်ဒီဇိုင်နာတွေဖြစ်တဲ့ Ralph & Russo တို့ကို ရွေးချယ်ခဲ့တယ်လို့ တော်ဝင် ဖက်ရှင်သတင်းအရင်းအမြစ်က သိရပါတယ်။ ဘုရင်မကြီးရဲ့ ဝင်ဆာရဲတိုက်က စိန့်ဂျော့်ခ်ျခန်းမမှာ ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲနဲ့ တကမ္ဘာလုံးက ရုပ်သံကြည့်ရှုသူ သန်းထောင်ဂဏန်း၊ ဧည့်သည် ၆၀၀ တို့ရှေ့ စိန့်ဂျော့ ဝတ်ပြုဆုတောင်းရာ သီးသန့်နေရာက လမ်းကလေးမှာ လျှောက်လာဖို့အတွက် ပုတီးစေ့တွေအများကြီးနဲ့ ဒီဇိုင်းဆင်ထားတဲ့ လက်ချုပ်လက်ရာ ဂါဝန်ကို ဝတ်ဆင်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ “သတို့သမီးဝတ်စုံအကြောင်းကြားရတာ တော်တော်ကို များနေတယ်။ လူတွေရဲ့စွမ်းရည်တွေ နာရီပေါင်းရာချီပြီး ဒီဝတ်စုံကိုလုပ်ဖို့ ကုန်ဆုံးသွားတယ်။ ဝတ်စုံရဲ့ အားလုံးလိုလိုကို လက်နဲ့ချုပ်မှာ၊ ဒါပေမယ့်လည်း ဒါက မင်္ဂလာဆောင်နေ့အတွက်လေ” လို့ သတင်းအရင်းအမြစ်တခုက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟယ်ရီနဲ့ ၃၆ နှစ်အရွယ် မီဂန်တို့ နွေရာသီနှောင်းပိုင်းအချိန်ထိ ဟန်းနီးမွန်းခရီးကို မသွားဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up