Live
Home
မြန်မာသတင်း
ဗုံးကွဲမှုကြောင့် ကျောင်းသားတဦးသေဆုံးခဲ့မှု တရားခံအား အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
May 6, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့နယ်၊ မိုလ်နွေးကျေးရွာမှာ မေလ ၄ ရက်နေ့က အမည်မသိသူတွေ ထောင်ထားတဲ့ ဗုံးတလုံးပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ် အရွယ် ကျောင်းသားတဦး သေဆုံးပြီး တဦး ဒဏ်ရာရှိခဲ့တဲ့အပေါ် တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ ကူကီးပြည်သူတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အခင်းဖြစ်ပွားပုံမှာ မေလ ၄ ရက်၊ မနက် ၁၁ နာရီ ၈ မိနစ်မှာ မိုလ်နွေးကျေးရွာရဲ့ ရွာအစွန် နောက်ဆုံးအိမ်နဲ့ ကိုက် ၁၀၀ ကျော်အကွာရှိ ထောက်ကြံ့ပင် အခေါင်းထဲမှာ အမည်မသိသူတွေ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲမူ ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် နဝမတန်းကျောင်းသား မောင်ဆေးမင်လင် အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ပြီး မောင်ဆေးဂိုလင်းကတော့ လက်မောင်းတဖက်မှာ ဒဏ်ရာရရှိသွားပြီး တမူးမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကူကီးလူမျိုးများနေထိုင်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်နေရာဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးပါးသွားတဲ့ မောင်ဆေးမင်လင်နဲ့ ဒဏ်ရာရသူ မောင်ဆေးဂိုလင်တို့အတွက် ထိုက်တန်တဲ့ နစ်နာကြေးနဲ့ ဆေးကုသစရိတ်တွေကို အမြန်ဆုံးထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024