ရန်ကုန်တိုင်း ၂၂ မြို့နယ်တွင် အချိန်ပိုင်း မီးပြတ်မည်
DVB
·
May 6, 2018
ရန်ကုန်တိုင်းထဲက ၂၂ မြို့မှာ အချိန်ပိုင်းမီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။
၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတွေ၊ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်ဖို့၊ မိုးဦးကာလ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့ သစ်ပင်၊ သစ်ကိုင်း တွေ ခုတ်ဖို့၊ ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ ၁၁ ကေဗွီဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ကြိုးအသစ်တွေနဲ့ လဲလှယ်မှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်အား ပြတ်တောက်နိုင်တဲ့နေရာတွေကတော့ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ မြောင်းတကာ၊ ရွှေလင်ပန်း၊ ထန်းတပင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်တို့ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်မယ့် အချိန်တွေက မေလ ၈ ရက်နေနဲ့ ၁၀ ရက်နေ့တွေမှာ ဖြစ်ပြီး မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီ အချိန်အထိ ဖြစ်ပါတယ်။
ဒီလိုလုပ်တာဟာ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရတာဖြစ်ပြီး ယာယီဓာတ်အားပြတ်တောက်လို့ လူမှုရေးအခက်အခဲတွေ ဖြစ်မယ့်အပေါ် နားလည်ခွင့်လွှတ်ပေးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပန်ကြားထားပါတယ်။