Live
Home
မြန်မာသတင်း
ချင်းပြည်နယ် ရိခေါ်ဒါမြို့တွင် လူ ၃၀၀ ခန့် ဆန္ဒဖော်ထုတ် (သတင်းဓာတ်ပုံ)
DVB
·
May 5, 2018
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ စိန်ရတုကျောက်တိုင်စိုက်ထူရေး၊ ရိဒ်ရေကန်နဲ့ ပတ်သက်သက်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေကို ကျေနပ်မှုမရှိတာကြောင့် ရိခေါ်ဒါမြို့ ဒေသခံ ၃၀၀ လောက်ဟာ မေ ၅ ရက်နေ့ မွန်းတည့်က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ရိခေါ်ဒါရ်မြို့ဟာ ၂၀၁၈ ခုနှစ်မှာ မြို့တည်သက် ၇၆ နှစ်ပြည့်နေပြီဖြစ်ပြီး စိန်ရတု အမှတ်တရ ကျောက်တိုင် စိုက်ထူဖို့ ဒေသခံတွေ လိုချင်တဲ့ နေရာ မရတာ၊ ပြီးတော့ ချင်းပြည်နယ်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ ရိဒ်ရေကန်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲ့ တားမြစ်ချက်တွေကို မကျေနပ်တာကြောင့် ခုလို ဆန္ဒဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။ စိန်ရတုအထိမ်းအမှတ် ကျောက်တိုင် တည်ဆောက်ခွင့်ရရေး၊ ရိဒ်ရေကန်အတွင်း ဒေသဓလေ့အတိုင်း ရေကူးခွင့်ရရေး၊ ကန်ပတ်လည်က လယ်ယာတွေ လုပ်ကိုင်ခွင့် ပြန်ရရေး၊ ကန်ရေထုတ်မြောင်း သန့်ရှင်းခွင့် ရရေး၊ ဒေသခံတွေ အကျိုးကို ထိခိုက်စေမယ့် ခရီးသွားလာရေးလုပ်ငန်းတွေ မဖြစ်စေရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းလျောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024