Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ ပဲတန်ချိန် ၃ သိန်း အိန္ဒိယ ၀ယ်ယူမည်
DVB
·
May 5, 2018
  အိန္ဒိယက မြန်မာနိုင်ငံမှ ပဲတန်ချိန် ၃ သိန်း ဝယ်ယူဖို့ တရားဝင် ကြေညာလိုက်ပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကနေ ပဲဝယ်ယူတင်သွင်းမှုကို ၂၀၁၇ သြဂုတ်ကနေ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းထားပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က "မေ ၄ ရက်နေ့က ကျနော်တို အမြဲတမ်းအတွင်းဝန်နဲ့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံပြီး မနေ့က ညနေပိုင်းမှာ တရားဝင်ကြေညာချက် ထုတ်လိုက်တာပါ။ မတ်ပဲ တန်ချိန် ၃ သိန်း ဝယ်ယူသွားဖို့ ထုတ်ပြန်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာ့ပဲကို တခြားနိုင်ငံဈေးကွက်တွေကို တပတ် တန်ချိန် ထောင်ဂဏန်းပေးပို့နေတယ်လို့ သိရပါတယ်။ “အခု တရားဝင် ကြေညာချက် ထုတ်လိုက်ပြီဆိုတော့ စပို့လို့ရပြီဆိုတဲ့ သဘောပါ” လို့  လက်ထောက် အတွင်းဝန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024