အိန္ဒိယတွင် သဲမုန်တိုင်းကြောင့် သေဆုံးသူ ၁၂၇ ထိ ရှိပြီ

အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်း ဥတ်တျာပရာဒက်ရှ်ပြည်နယ်မှာ မေလ ၃ ရက်ညက တိုက်ခိုက်ခဲ့တဲ့ အင်အားပြင်း သဲမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ၁၂၇ ဦးထိ ရှိသွားပြီဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ အက်ဂရာမြို့ကတော့ ဥတ်တျာပရာဒက်ရှ်ပြည်နယ်မှာ သဲမုန်တိုင်းဒဏ် အဆိုး ရွားဆုံးခံခဲ့ရတဲ့ မြို့ဖြစ်ပြီး သေဆုံးသူ ၄၆ ဦးထိရှိခဲ့ပါတယ်။ ဒေသခံတွေက သက်ဆိုင်ရာကို အကူအညီ တောင်းခဲ့ကြပေမယ့် လမ်းတွေမှာ ပြိုလဲတဲ့ သစ်ပင်တွေနဲ့ ပိတ်ဆို့နေတဲ့အတွက် အချိန်မီသွားဖို့ ကြန့်ကြာနေပါတယ်။ မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း သီတင်း ၁ ပတ်ကနေ ၂ ပတ်အထိ ပြတ်တောက်နိုင်ချေ ရှိနေပါတယ်။

More News
Up