Live
Home
မြန်မာသတင်း
ပုသိမ်ကြီးတွင် ငွေကျပ်သိန်း ၁၃၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 5, 2018
ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ်သိန်း ၁၃၀၀ လောက် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်တပ်ဖွဲ့စု ၁၇၊ မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းမှာ ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကိုရှာဖွေရာမှ အခုလို ဖမ်းဆီးမိခဲ့တာပါ။ ခရီးသည် ဒေါ်နွဲ့(ခ) ဒေါ်ဝင်းထံမှ ငွေကျပ် ၁,၂၈၇ ဒသမ ၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၀၄၆ ပြား၊ ဘိန်းဖြူ ၁၉၂ ဒသမ ၅ ဂရမ်နဲ့ လက်ကိုင်ဖုန်း တစ်လုံး၊ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒေါ်နွဲ့ (ခ) ဒေါ်ဝင်း (၆၂) နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024