Saturday, June 10, 2023
HomeLead Storyသာဒီးလူ သီဆိုထားသည့် ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ရုပ်ရှင်ဇာတ်ဝင်တေး ရေပန်းစား(ရုပ်သံ)

သာဒီးလူ သီဆိုထားသည့် ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ရုပ်ရှင်ဇာတ်ဝင်တေး ရေပန်းစား(ရုပ်သံ)

“အနားနား ဘယ်သူမှ မရှိတော့တဲ့အခါ… သတိရလိုက်ပါ… လိုသလို သုံးလို့ရတဲ့ ငါ့အချစ်က… ငါ လူပုံအလယ် အရှက်တကွဲ… ပျော်မယ်ဆို လမ်းခွဲ… ရလေသမျှ အခွင့်အရေးကုန်… နင်အသုံးချတယ်… ပျော်ချင်ယောင်ဆောင်သူ… ကြင်နာယောင်ဆောင်သူ… ငါ့ကို ကြိုက်သလို လိမ်ညာပါတယ်”

ဒါကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ‘လိုသလိုသုံး’လို့ အမည်ရတဲ့ ဇာတ်ဝင်သီချင်းစာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော် သာဒီးလူက သူကိုယ်တိုင်ရေးကာ ကိုယ်တိုင်သီဆိုပေးထားတာ ဖြစ်ပါတယ်။
ငါ့ကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ကားကို BoBo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာ ဖြစ်ပြီး စာရေးဆရာ ညေးရဲ့ ဝတ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားခဲ့တာ ဖြစ်ကာ ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ဝင်းလွင်ထက်တို့က ရိုက်ကူးထားခဲ့ကြတာပါ။
ဒီကားထဲမှာ လူငယ် ဟစ်ဟော့ပ်အဆိုတော်တွေ ဖြစ်ကြတဲ့ လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ နာမည်ကြီး မင်းသမီး ဖွေးဖွေးတို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
လူငယ် အဆိုတော် ၂ ဦးကို ပွဲထုတ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ တခြား ဝါရင့် သရုပ်ဆောင် အကယ်ဒမီမင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ နေအောင်၊ ရဲအောင်နဲ့ မြတ်ကေသီအောင်တို့လည်း ပါဝင်ထားကြတာပါ။

သြရထူး၊ နေညိုသွင်၊ ပျို ဆိုတဲ့ ထူးထူးခြားခြား နာမည်တွေရယ် ဇာတ်လမ်းထဲက ဒိုင်ယာလော့ဂ်တွေကလည်း အွန်လိုင်းပေါ်က ရုပ်ရှင် Trailer မှာပဲ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်း လိုသလိုသုံးဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပြီး ဝင်ရောက်ကြည့်ရှုခဲ့ကြတဲ့ အကြိမ်ရေ ၉ သောင်း ၂ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular