ဗြိတိန်မင်းသား ဟယ်ရီနှင့်မက်ဂန်တို့၏ အချစ်ဇာတ်လမ်းရုပ်ရှင် ပြသ (နမူနာကြည့်ရန်)

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂန်တိုရဲ့ အချစ်ဇတ်လမ်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို မေလ ၃ ရက်နေ့က ဘီဗရီဟေးလ်မှာ ပွဲဦးထွက် ပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာ တော်ဝင်မင်းသား ဟယ်ရီအဖြစ်   နာမည်ကြီး သရုပ်ဆောင် မာရေးဖရေဆာနဲ့ မက်ဂန်အဖြစ်  သရုပ်ဆောင် ပယ်ရီဆာ ဖစ်ဇ်ဟန်လေတို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်နှစ်ဦးဟာ ပန်နီဆူလာဟိုတယ်မှာပြုလုပ်တဲ့ ရုပ်ရှင်ပရိုမိုးရှင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ တော်ဝင် မင်းသမီးဖြစ်လာမယ့် မက်ဂန်နဲ့ ပတ်သက်လို့ သရုပ်ဆောင် ပယ်ရီဆာဖစ်ဇ်ဟန်လေက “ကျမက မက်ဂန်ကို ယုံကြည်မှု ရှိတဲ့လူလို့ မြင်ပါတယ်။ သူ့နေရာ သရုပ်ဆောင်ရတာ ကောင်းပါတယ်။ သူရဲ့ ပညာရေး နောက်ခံ၊ အလုပ်အကိုင်နဲ့ ဆက်လက်လုပ်ကိုင်မယ့် အရာတွေကို သိခဲ့ရပါတယ်။ မက်ဂန်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အများကြီးရှိပါတယ်။ သူဆောင်းမယ့် သရဖူထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ မက်ဂန်အကြောင်း ပိုသိလာတာကို ကျမ သဘောကျပါတယ်” လို့ ပြောခဲ့ပါတယ်။ “မက်ဂန်ဟာ သံတမန်ကောင်း တယောက်ပါ။ သူယူခဲ့တဲ့ မေဂျာတခုက နိုင်ငံတကာ ဆက်ဆံရေး။ အဲဒါကို ကျမက လူတွေအားလုံးကို သိစေချင်တာ။ ဒီတော့ မက်ဂန်ဟာ  သူ့အလုပ်ကို စွန့်လွှတ်ပြီး တော်ဝင် မင်းသမီးဘ၀ကို ရွေးချယ်တဲ့ အိုင်ဒီယာဟာ တကယ်ကို သူလုပ်နေတာရဲ့ အပေါ်ယံ သက်သက်လေးပဲ။ မက်ဂန်ဟာ သူရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်နေတာ ဖြစ်ပါတယ်” လို့လည်း  သရုပ်ဆောင် ပယ်ရီဆာဖစ်ဇ်ဟန်လေ ကပြောခဲ့ပါတယ်။ "Harry & Meghan" လို့ အမည်ရတဲ့ အဲဒီအချစ်ဇတ်လမ်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို တော်ဝင်မင်္ဂလာပွဲ မတိုင်မီ  ၆ ရက်အလို မေလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up