မုတ်သုံလေအား ကောင်းပြီး ခါတိုင်းနှစ်ထက် လေ ပိုပြင်း
ရွှေအောင်
·
June 19, 2012
လက်ရှိမှာ မုတ်သုံလေ တော်တော်အားကောင်းနေပြီး ခါတိုင်းနှစ် မုတ်သုံလေ အား ကောင်းတာထက် လေပိုပြင်းတယ်လို့ မိုးလေဝသဌာနက စုံစမ်းသိရှိရပါတယ်။
[caption id="attachment_24279" align="alignright" width="196" caption="ဦးချစ်ကျော်"][/caption]
မုတ်သုံလေအားကောင်းတာကြောင့် မုတ္တမပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ တိုက်ခတ်နေတဲ့ လေပြင်းတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
“ခါတိုင်းနှစ်တွေ မုန်သုံလေအားကောင်းတာထက် နည်းနည်းပိုပြီး လေပြင်းတယ်။ ခါတိုင်းက မုန်သုံလေပြင်းရင် ၄၀-၄၅ လောက် တိုက်တာ။ အခုဟာ ၄၅-၅၀ လောက် တိုက်တာပေါ့။ ပင်လယ်ပြင်အတွက်တော့ မကောင်းဘူး။ မိုးမျှော်တဲ့သူတွေအတွက်တော့ မိုးက တော်တော်ပျံ့ပျံ့နှံ့နှံ့ ရွာနိုင်တယ်။ ပင်လယ်ပြင် ငါးဖမ်းလှေသွားတဲ့သူတွေအတွက်တော့ အန္တရာယ်ရှိတယ်။”
ဇွန် ၁၉ ရက်အတွက် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားရာမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အလွန်ကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်မယ်။ လှိုင်းကြီးမယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။