ETA စစ်သွေးကြွဟောင်းများ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို အရေးယူမည်

ဘာ့စ်က် ခွဲထွက်ရေးအဖွဲ့ ETA အနေနဲ့ အဖွဲ့ကို ဖျက်သိမ်းမယ်လို့ ကြေညာထားပြီးဖြစ်ပေမယ့် ETA စစ်သွေးကြွဟောင်းတွေ ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို သင်ပုန်းချေပေးမှာမဟုတ်ဘူးလို့ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက ပြောကြားလိုက်ပါတယ်။ ETA အဖွဲ့ဟာ ရာဇ၀တ်အဖွဲ့ဖြစ်လို့ အဖွဲ့ဝင်ဟောင်းတွေရဲ့ ရာဇ၀င်ကိုလိုက်ပြီး အရေးယူသွားမယ်လို့ စပိန်ဝန်ကြီးချုပ် ရာဂျွိုင်းက ပြောကြားလိုက်တာပါ။ ETA ဘာပဲလုပ်လုပ် သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုအတွက် သက်သာခွင့်လမ်း ပွင့်မှာမဟုတ်ပါဘူး။ ETA အနေနဲ့ အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာနိုင်တယ်။ ဒါပေမယ့် သူကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ လုပ်ခဲ့တာတွေအတွက် တရားမျှတမှုနဲ့ ဒဏ်ပေးခံရမှုကတော့ လွတ်မှာမဟုတ်ပါဘူး။ သူတို့ဘက်က ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဒီအတွက် ကြုံရမယ့်နေ့ ပေါ်လာမှာပါ။ ETA တဖွဲ့လုံးကိုက အောင်မြင်ခဲ့တာမှမဟုတ်တာလို့ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက ပြောပါတယ်။ ကျနော်တို့မှာ သူတို့ကို ကျေးဇူးကြွေးမရှိသလို သူတို့ကို ကျေးဇူးတင်စရာလည်း မလိုပါဘူး။ ကျေးဇူးနဲ့ အသိအမှတ်ပြုတယ်ဆိုတာက ကျနော်တို့ အသိထဲမှာ အမြဲအမှတ်ရနေမယ့် ခံစားခဲ့ရသူတွေ၊ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့တွေ အတွက်ပါလို့လည်း ၀န်ကြီးချုပ်က ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up