ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ် ရီးရဲလ်သို့ ပြောင်းရွှေ့ဖွယ်ရှိ

ဓာတ်ပုံ - Getty Images
၂၀၁၉ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂိုးသမား ကော့တွိုက်စ်ဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ရှိတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော့တွိုက်စ်ဟာ ချဲလ်ဆီးအသင်းက စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့်လည်း ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးထားခဲ့တဲ့ ကော့တွိုက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေလို့ ချဲလ်ဆီးအသင်းအနေနဲ့ နစ်နာဖွယ်ရှိနေပါတယ်။ ကော့တွိုက်စ်ဟာ စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းမှာလည်း ကစားခဲ့ဖူးပြီး ဂိုးကန်သွင်းချက်တွေကို အဆုံးသတ်သူလို့ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။ ကော့တွိုက်စ်ဟာ မိသားစုကို ခင်တွယ်သူဖြစ်ပြီး သားသမီးတွေကိုလည်း အရမ်းချစ်တာကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မိသားစုနေထိုင်တဲ့ စပိန်ကို ပြန်မသွားသင့်ဘူးလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် စာချုပ်သက်တမ်း တိုးခြင်းမတိုးခြင်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အချိန်ယူချင်ကြောင်း ပြောပါတယ်။ ကော့တွိုက်စ်ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ တောက်ပလာမယ့် ဂိုးသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး အသက်အရွယ်အရ အကောင်းဆုံးလက်စွမ်းမှာ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up