ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်ဟု လီဗာပူးနည်းပြ ပြော

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အတွေ့အကြုံအရှိဆုံးအသင်း ဖြစ်တယ်လို့လည်း ကလော့ပ်က ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ် ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး ရီးရဲလ်ကစားသမားတွေရဲ့ အတွေ့အကြုံကိုလည်း ချီးကျူးခဲ့တာပါ။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးခဲ့ပြီး ဗိုလ်လုပွဲရောက်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လာမယ့်မေလ ၂၆ ရက်နေ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

More News
Up