ထူးထူးခြားခြား ဆံပင်ကို မီးရှို့ပြီးညှပ်သည့် ဆံသဆိုင် (ရုပ်သံ)

တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့မှာ ဆံသဆရာတဦးက ဆံပင်တွေကို မီးရှို့ညှပ်တဲ့ နည်းအသစ် သုံးနေပြီး ဒါကို ဆိုင်လာတဲ့ ဖောက်သည်တွေကလည်း သဘောတွေ့နေကြပါတယ်။ ကပ် (ပ်) ဆလွန်းဆိုတဲ့ ဆံပင်ညှပ်ဆိုင်ကို ဖွင့်ထားတဲ့ ကာဒါဒီမီရယ်ဆိုသူ ဆံသဆရာက ဆံပင်လာညှပ်သူတွေရဲ့ ဆံပင်ကို မီးတောက်စေတဲ့ အရည်တမျိုးဖျန်းပြီး မီးရှို့ကာ တမူထူးခြားတဲ့နည်းနဲ့ ကပ်ကြေးသုံး ဆံပင်ညှပ်ပေးနေတာပါ။ ဆံပင်ညှပ်ဆိုင်အတွင်းဘက်ကို ရိုက်ထားတဲ့ ရုပ်သံထဲမှာ ကာဒါက ဆံပင်လာညှပ်သူတွေရဲ့ ဆံပင်တွေ မီးတောက်နေဆဲမှာပဲ ဘီးတချောင်းနဲ့ ဖီးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီဆံပင်ညှပ်နည်းကို ကိုယ့်အိမ်မှာတော့ မစမ်းကြည့်သင့်ဘူးလို့ သူက အကြံပြုထားပါတယ်။ အသက် ၃၉ နှစ်အရွယ် ဆံသဆရာက သူ ဆံပင်ညှပ်သင်တန်း တက်တုန်းက ဒီနည်းကို သင်ခဲ့တာလို့ ပြောလိုက်ပြီး “ရိုးရာနည်းလမ်းအရ မီးရှို့တဲ့နည်းကို သုံးတာက အဲဒီကာလမှာ ကုသတဲ့နည်းမရှိချိန် ခေါင်းထဲကသန်းတွေကို ဖယ်ရှားဖို့နဲ့ ဆံပင်ခြောက်စက်မရှိချိန် ဆံပင်တွေကို ပုံကျပြီး ချောချောမွေ့မွေ့ဖြစ်အောင်လို့ပါ” လို့ ဆိုပါတယ်။ “ဒီနည်းက ကွေ့ကောက်ကြမ်းတမ်းတဲ့ ဆံပင်တွေကို နူးညံ့သွားစေပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကတော့ ဒီနည်းသုံးလို့ မပျက်စီးဘူး။ ဆံပင်မီးရှို့ညှပ်နည်းကို သင်တန်းမတက်ထားဘဲ မစမ်းကြည့်သင့်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။ ရုပ်သံထဲမှာ ဆံပင်အညှပ်ခံသူတွေက မီးရှို့နေတာကို တွန့်မသွားဘဲ ဆံပင်အညှပ်ခံနေတာ တွေ့ရပြီး ဆံသဆရာ ကာဒါက “ကျနော့်ဖောက်သည်တွေကတော့ ကျနော့်ကိုယုံကြည်ပြီး နာကျင်မှုလည်းမရှိလို့ ဒီနည်းနဲ့ ညှပ်ရတာကို မကြောက်ကြဘူး” လို့ ပြောပါတယ်။ ဆံသဆရာကတော့ ဒီနည်းက အရမ်းကွဲပြားလို့ သူ့အလုပ်ကို နှစ်သက်တယ်၊ ဒီနည်းကို ဘယ်လိုသုံးရတယ်ဆိုတာလည်း တခြားဆံသဆရာတွေကို သင်ပေးချင်တယ်လို့ ပြောကြောင်း မေရာသတင်းတပုဒ်မှာ မေလ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up