လစ်ဗျား ရွေးကောက်ပွဲကော်မရှင်ရုံးချုပ် ဗုံးခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၂ ဦးသေဆုံး

လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ကို အသေခံဗုံးခွဲသမားတွေက မေလ ၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားပါတယ်။ အခုတိုက်ခိုက်မှုကို အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ အကြမ်းဖက်သမားတွေဟာ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ကို မီးရှို့ခဲ့ကြသလို ဝန်ထမ်းတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လစ်ဗျားရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ကြိုးပမ်းနေပြီး အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂက ကြိုးပမ်းအားထုတ်မှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up