Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ၇ နှစ်အတွင်း ကျပ်သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 3, 2018
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၇ နှစ်ကျော်ကာလအတွင်းမှာ ကျပ်သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး  တရားခံ တထောင်ကျော်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မေလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ စိတ်ကြွဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanylနဲ့ အက်ဖီဒရင်း စတဲ့ မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းမိသိမ်းဆည်းခဲ့တဲ့အထဲမှာ  စိတ်ကြွဆေးပြား (၆၁၀၇၀၇၉၉.၅) ပြား၊ စိတ်ကြွအကြေမှုန့် (၂.၅၈၆၈) ကီလို၊ ဆေးခြောက် (၁၉၃.၂၉၅၁၅) ကီလို၊ ဗျူပရီနော်ဖင်း (၄၉၇၃) ပုလင်း၊ အယ်ပရာဇိုလမ် ဆေးပြား (၄၃၂၀) ပြား၊ ဒိုင်ရာဇီပမ် (၃၁၄၉၄) ပြား၊ ဒိုင်ရာဇီပမ်ထိုးဆေး (၁၂၂၂၄၀) ပုလင်း၊ မော်ဖင်းထိုးဆေး (၂၂၃၁) ပုလင်း၊ Lutigesic (၃၈၀) ပုလင်း၊ Zoliuncarpa zolarn (၂၇၀) ပြား၊ ကတ်တမင်း (၀.၁၄) ကီလို၊ Fantanyl (၇၀၀) ပုလင်း နှင့် အက်ဖီဒရင်း (၀.၅၁၅) ကီလိုတို့ ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အမှုပေါင်း (၆၃၁) မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံပေါင်း ၁၀၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Photo : Information Committee
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024