Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံမီး အပြီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့်  Level 1 အဆင့်ဆက်ထားမည်
သူဇာလင်း
·
May 2, 2018
  ရန်ကုန်၊ လှိုင်သာယာထိန်ပင် အမှိုက်ပုံ မီးလောင်မှုကို မေလ ၂ နေ့မှာ အပြီး ငြှိမ်းသတ်နိုင်ခဲ့ပေမယ့်  Level 1 အဆင့် ဆက်လက်ထားရှိသွားမယ်လို့ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံး ဒုညွှန်ကြားရေးမှူးက ပြောပါတယ်။ မီးငြိမ်းသွားပြီဆိုပေမယ့် အောင်းပူကျန်ရှိနေသေးတဲ့အတွက် မီးသတ်ကား ၁၀ စီး နဲ့ စည်ပင်ရေသယ်ကားတွေကိုပါ အဆင်သင့်ထားရှိသွားမယ်လို့လည်းပြောပါတယ်။ ဒီမှိုက်ပုံမီးဟာ ဧပြီ ၂၁ ရက်နေ့လယ် ကစပြီး  ၁၂ ရက်ကြာလောင်ကျွမ်းခဲ့ပြီး မီးခိုးမွှန်လို့ မီးသတ်သမားအပါအဝင် ပြည်သူ ၄၀ နီးပါး လှိုင်သာယာဆေးရုံကို တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024