ဘိုင်ယန်နှင့် ၂ ဂိုးစီသရေကျပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အဝေးကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲနဲ့တော့ လွဲချော်ခဲ့ရပါတယ်။ ပွဲပြီးရလဒ် ၂ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကပဲ ၃ နှစ်ဆက်တိုက် နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစပြီး ၂ မိနစ်မှာပဲ နောက်ခံလူ ဂျော်ရွှာကင်မစ်ခ်ျက အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူး ဘန်ဇီမာရဲ့ ပထမပိုင်း ၁၀ မိနစ်မှာ သွင်းယူတဲ့ ချေပဂိုးနဲ့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစပြီး မကြာခင်မှာပဲ ရီးရဲလ်အတွက် ဘန်ဇီမာက ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယပိုင်းမှာ ရီးရဲလ်ကို အကောင်းဆုံး ဖိအားပေးခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ၆၂ မိနစ်အရောက်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီအခြေအနေကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ စိုးရိမ်ခဲ့ရပေမယ့် ပွဲပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်ပဲ နှစ်ကျောပေါင်းရလဒ်နဲ့ အနိုင်ရပြီး ဘိုင်ယန်မြူးနစ်အပေါ် အသာရတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ နောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ ရိုးမားနဲ့ လီဗာပူးတို့ ပွဲစဉ်ကိုတော့ ဒီနေ့ည ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ အိမ်ရှင် လီဗာပူးအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up