Home
မြန်မာသတင်း
အနာဂတ် ​မြန်​မာ့နိုင်​ငံ​ရေးအလားအလာ သုံးသပ်​​ဆွေး​နွေးပွဲ လွိုင်​​ကော်​တွင် ကျင်းပ
DVB
·
May 1, 2018
ကယားပြည်​နယ်​ အ​ခြေစိုက်​​ ဒေသခံ တိုင်း​ရင်းသားနိုင်​ငံ​ရေးပါတီ​တွေနဲ့ ပြည်​မက နိုင်​ငံ​ရေးပါတီ​တွေဟာ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေနဲ့ အနာဂတ်​မြန်​မာ့နိုင်​ငံ​ရေး အလားအလာ​တွေကို သုံးသပ်​တဲ့ ​ဆွေး​နွေးပွဲကို လွိုင်​​ကော်​မြို့ရှိ ဟိုတယ်​လွိုင်​​ကော်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ အရန်ဗဟို​ကော်​မတီ ဦး​မော်​ရယ်​၊ အာဏာရ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ ကယားပြည်​နယ်​ဥက္ကဋ္ဌ ဦး​သောင်း​ဌေးတို့ ပါဝင်​​ဆွေး​နွေးခဲ့ပြီး ကယားပြည်​နယ်​အ​ခြေစိုက်​ ​ဒေသခံတိုင်းရင်းသားပါတီ​တွေအ​နေနဲ့ ကယန်းအမျိုးသားပါတီ ဗဟို​ကော်​မတီဝင်​ မူနန်း​ဝေ​ဝေထွန်း၊ ကယားပြည်​နယ်​ ဒီမိုကရက်​တစ်​ပါတီ ဒုဥက္ကဋ္ဌ ဦး​စောဒယ်​နီရယ်​တို့ တက်​​ရောက်​​ဆွေး​နွေးခဲ့ကြတာပါ။ ကယန်းအမျိုးသားပါတီ ဗဟို​ကော်​မတီဝင်​ မူနန်း​ဝေ​ဝေထွန်းက "ကျမ​အ​နေနဲ့က​တော့ အဓိက ​ထောက်​ပြချင်​တာက အခုကျမတို့ရဲ့ ငြိမ်းချမ်း​​ရေး​ဆွေး​နွေး​ပွဲ​​တွေရဲ့ ကန့်​သတ်​ချက်​​တွေ​ပေါ့။ ဒီ အန်စီအေထိုးခြင်း​​၊ မထိုးခြင်းရယ်​ ​နောက်​ အနိုင်​ရပါတီ၊ အနိုင်​မရပါတီ ခွဲခြားထားခြင်း​တွေဟာ ကျမတို့ တိုင်းရင်းသား လူနည်းစုပါတီ​တွေအ​နေနဲ့ ဒါဟာ နိုင်​ငံ​ရေး​ဆွေး​နွေးပွဲအ​ပေါ် မတက်​​ရောက်​နိုင်​တဲ့ တားမြစ်​ချက်​မျိုး ဖြစ်​​နေတယ်​" လို့ သုံးသပ်​ပါတယ်​။ အန်စီအေလက်​မှတ်​ထိုးဖို့ တိုက်​တွန်းကြ​ပေမယ့် လက်​မှတ်​ထိုးပြီးတဲ့ အဖွဲ့​တွေရဲ့ ခံစားခွင့်၊ အခွင့်အ​ရေးဟာလည်း အရင်​​ပြောထားသလို မဟုတ်​တော့​ဘူးလို့ ထင်​မြင်​ယူဆပြီး တိုင်းရင်းသားပါတီ​တွေကို လက်​တွဲ​ခေါ်ယူမှု အားနည်း​နေတယ်​လို့ မူနန်း​ဝေ​ဝေထွန်းက ဆိုပါတယ်​။ ဒီ​ဆွေး​နွေးပွဲမှာ ပြည်​တွင်းစစ်​အ​ခြေအ​နေ၊ ရခိုင်​အ​ရေး၊ ပါတီ​တွေရဲ့ မူဝါဒ​၊ ငြိမ်းစုစီဥပ​ဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ အကျပ်​အတည်း​၊ မြန်​မာ့တပ်​မ​တော်​ အခန်းကဏ္ဍ၊ ငြိမ်းချမ်း​ရေး​ ဖော်​​ဆောင်​​နေမှု အ​ခြေအ​နေ၊ ဖက်​ဒရယ်​​ရေးရာ၊ ၂၁ ရာစု ပင်​လုံညီလာခံ​ရေးရာနဲ့ စီးပွား​ရေး အ​ခြေအ​နေ စတဲ့ အ​ကြောင်းအရာ​တွေ​အ​ပေါ် သုံးသပ်​​ဆွေး​နွေးခဲ့ကြပါတယ်​။ ဒီဆွေးနွေးပွဲကို ကရင်​နီပြည်​လူငယ်​များသမဂ္ဂ (ယူ​အေအက်​စ်​ဝိုင်​)က စီစဉ်​ပြုလုပ်​တာ ဖြစ်ပြီး ကယားပြည်​နယ်​မှာ ပထမဆုံး ပြုလုပ်​တာလည်း ဖြစ်ပါတယ်​။ ယူ​ကေအက်​စ်​ဝိုင်​အဖွဲ့ဝင်​ ကိုမျိုးလှိုင်​ဝင်းက "ကျ​နော်​တို့က ငြိမ်းချမ်း​ရေးပဲ​ပြော​ပြော၊ လူ့အခွင့်​အ​ရေးပဲ​ပြော​ပြော၊ ဖက်​ဒရယ်​ပဲ​ပြော​ပြော၊ ဒီမိုက​ရေစီပဲ ​ပြော​ပြော ဒီက​နေ့ကာလ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ​အောက်​မှာ လုံးဝမဖြစ်​နိုင်​ဘူး။ အဲ့ဒါ​ကြောင့် ​ရှေ့ဆက်​ မြန်​မာ့ နိုင်​ငံ​ရေးအလားအလာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပ​ဒေနဲ့ ချိတ်​ဆက်​ဖို့ မဖြစ်​နိုင်​ဘူး။ ပြည်​သူ​တွေပဲ နှစ်​နာသွားမယ်​၊ ကျ​နော်​တို့ တိုင်းရင်းသားပြည်​သူ​တွေ လိုလားတဲ့ ဖက်​ဒရယ်​တို့ ငြိမ်းချမ်း​ရေးတို့ ဒီမိုက​ရေစီတို့ ဘယ်​​တော့မှ ရမှာမဟုတ်​ဘူးဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ အဓိက ပြုလုပ်​ရခြင်းဖြစ်​တယ်​" လို့ ​ပြောပါတယ်​။ အခု ​ဆွေး​နွေးပွဲကို တက်​​ရောက်​လာတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်​စားလှယ်​​တွေက ​မေးခွန်း​မေးမြန်းတာ​တွေနဲ့ အပြန်​အလှန်​​ဆွေး​နွေးတာ​တွေ ပြုလုပ်​ခဲ့ပါတယ်​။ ​ဆွေး​နွေးပွဲမှာ ပြည်​မပါတီ​တွေက ကြံ့ခိုင်​​ရေးပါတီ ကိုယ်​စားလှယ်​​တွေ၊ အန်​အယ်​လ်​ဒီပါတီ ကိုယ်​စားလှယ်​​တွေ၊ အရပ်​ဘက်​အဖွဲ့အစည်းကိုယ်​စားလှယ်​​တွေနဲ့ တိုင်းရင်းသား လက်​နက်​ကိုင် ​အဖွဲ့တချို့က ကိုယ်​စားလှယ်​​တွေလည်း ပါဝင်​တက်​​ရောက်​ခဲ့ပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024