Home
မြန်မာသတင်း
မြန်မာဘက်တင်သွင်းမည့် မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဓာတုပစ္စည်းများဖမ်းမိ
DVB
·
May 1, 2018
  ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားဂိတ်မှာ  မြန်မာဘက်ကို တင်သွင်းမယ့် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ အများအပြား ဖမ်းဆီးရမိတယ်လို့ Banmuang ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၉ ရက်က နှစ်နိုင်ငံအ၀င်အထွက်စစ်ဆေးရေးဂိတ်မှာ ထိုင်းတာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေကို စောင့်ကြည့်စစ်ဆေးစဉ်  မြန်မာမော်တော်ယာဉ်အမှတ် YGN9D-6585 ငွေရောင်တိုယိုတာကားတစ်စီးပေါ်ကနေ ဘတ်ငွေ ၁ သန်းနဲ့ ၁ သိန်း တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်ကီလို ၅၀ ၀င်ပုံး ၇၀၊ စုစုပေါင်းအလေးချိန် ၃၅၀၀ ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းကျလွန်းရစ်ဆငွန်ဆတ်က ယမန်နေ့ သတင်း စာရှင်းပွဲမှာ ပြောပါတယ်။ ယာဉ်မောင်းသူဟာ အသက် ၂၅ နှစ်ရွယ်ရှိ ကျော်ဖြိုးအောင်ဆိုသူ မြန်မာနိုင်ငံသား ဖြစ်ပြီး သူဟာ အဆိုပါ ဓာတုပစ္စည်းတွေကို ဖိနပ်နဲ့ ကလေးကစားစရာ ပလပ်စတစ် ပစ္စည်းတွေအောက်မှာ သိုဝှက်သယ်ဆောင်လာတာလို့ ဆိုပါတယ်။ အဆိုပါ ဓာတုဆေးတွေကို  မူးယစ်ဆးဝါးထုတ်လုပ်ရာမှာလည်း အသုံးပြုတဲ့အတွက် တရားရေးဌာနရဲ့ ခွင့်ပြုချက်မရရှိဘဲ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ လက်ဝယ်ထား ရှိခြင်းတွေ တားမြစ်ထားလို့ တည်ဆဲဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပြီး အခြား ကုန်ပစ္စည်းတွေ ဘန်းပြ သယ်ဆောင်လာတာကြောင့် တာဝန်ရှိသူများအား လိမ်လည်လှည့်ဖျားမှုနဲ့လည်း အရေးယူခံရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဓာတုပစ္စည်းထွက်ရှိလာရာ လမ်းကြောင်းတွေ ကိုလည်း ဆက်လက်စုံစမ်း အရေးယူမယ်လို့ ခရိုင်မှူးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024