Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံတွင် လျှပ်စစ်ထုတ်စက်ရုံနှင့် Recycle စက်ရုံတည်ဆောက်မည်
အာကာ
·
April 30, 2018
  လှိုင်သာယာ၊ ထိန်ပင်အမှိုက်ပုံကို အနာဂတ်မှာ အမှိုက်ပုံအနေနဲ့သာမကဘဲ လျှပ်စစ်ထုတ်စက်ရုံနဲ့ စွန့်ပစ်အမှိုက်မှပြန်အသုံးပြုနိုင်သည့် Recycle စက်ရုံတွေပါ တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ မြို့တော်ဝန်ဦးဆောင်တဲ့အဖွဲ့ဟာ ဧပြီ ၃၀ ရက်က ထိန်ပင်အမှိုက်ပုံကို လာရောက်ကြည့်ရှုခဲ့ပြီး ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံစဉ် အခုလိုပြောဆိုခဲ့တာပါ။ “လွန်ခဲ့တဲ့ နှစ်နှစ်ထဲက ကျနော် ကြံစည်နေတာ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက လာတင်ပြပေမယ့် အဆင်မပြေတာတွေ ရှိတယ်။ ဒီမီးပြီးရင် လူကြီးတွေကို တင်ပြပြီး ဒီနေရာကို အမှိုက်ပုံလည်း သုံးမယ်။ Recycle စက်ရုံ၊ လျှပ်စစ်ထုတ်စက်ရုံတွ လုပ်မယ်။ အခု ပြည်ပနိုင်ငံတွေနဲ့ ညှိနေတယ်။ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ဖင်လန် ဒီနိုင်ငံတွေ ကောင်းတယ်”လို့ ပြောပါတယ်။ လျှပ်စစ်ထုတ်စက်ရုံကို ထားဝယ်ချောင်မှာလည်း တည်ဆောက်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ထိန်ပင်အမှိုက်ပုံဟာ ဧက ၃၀၀ လောက်ကျယ်ဝန်းပြီး တရက်အမှိုက်တန် ၂၅၀၀ လောက် လာရောက်စွန့်ပစ်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အာကာ၊ ကိုကိုကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024