Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်ချင်း လက်ပစ်ဗုံးနှင့်ပစ်၍ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
April 30, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သင်္ဘောလှချောင်းဝ ရဲကင်းမှာ ဧပြီ ၂၉ ရက် မနက်က  တာဝန်ကျနေတဲ့ ရဲတပ်သားနှစ်ယောက် စကားများရာက လက်ပစ်ဗုံးနဲ့ ပစ်တဲ့အတွက် တဦး သေဆုံးပြီး တဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။ ရဲတပ်သား ကျော်ဖြိုးသူနဲ့ ရဲတပ်သား ပြည့်ဖြိုးမင်းတို့ သုံးရေမရှိတဲ့ကိစ္စ တယောက် တခွန်း စကားများကြရာက ရဲတပ်သား ကျော်ဖြိုးသူက MG-1 ပလပ်စတစ်လက်ပစ်ဗုံးနဲ့ ပစ်လိုက်တဲ့အတွက် ရဲတပ်သား ပြည့်ဖြိုးမင်းနဲ့ အနားမှာ အိပ်ပျော်နေတဲ့ ရဲဒုတပ်ကြပ် မင်းမင်းဇော်တို့ နှစ်ယောက်ကြားမှာ ပေါက်ကွဲခဲ့တာပါ။ အဲဒီပေါက်ကွဲမှုကြောင့် ရဲတပ်သား ပြည့်ဖြိုးမင်းနဲ့ ရဲဒုတပ်ကြပ် မင်းမင်းဇော်တို့ နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး မောင်တောဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ ရဲတပ်သား ပြည့်ဖြိုးမင်းဟာ မောင်တောဆေးရုံမှာ သေဆုံးခဲ့ပြီး ရဲတပ်ကြပ် မင်းမင်းဇော်ကိုတော့ ဘူးသီးတောင် စစ်ဆေးရုံကတဆင့် စစ်တွေဆေးရုံကြီးကို မွန်းလွဲပိုင်းမှာ လွှဲပြောင်းပို့ဆောင် ကုသပေးထားတယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။ ရဲတပ်သား ကျော်ဖြိုးသူကိုတော့ အမှတ်(၁)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကျီးကန်းပြင် ဌာနချုပ်မှာ ချုပ်နှောင်စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024