Home
မြန်မာသတင်း
လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းအတွင်းရှိ တယ်လီနော တာဝါတိုင် ပြိုလဲ
ဇော်ဖေ
·
April 30, 2018
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ကူတိုကျေးရွာမှာရှိတဲ့ တယ်လီနော တယ်လီဖုန်းတာဝါတိုင်ဟာ ဧပြီ ၂၈ ရက် ညနေ ၅ နာရီက လေပြင်းတိုက်ခတ်ခဲ့လို့ ပြိုလဲခဲ့ပါတယ်။ တာဝါတိုင် ပြိုလဲခဲ့တာကြောင့် အိမ်တလုံး ပြိုလဲပျက်စီးခဲ့ရပြီး တခြားထိခိုက်မှုမရှိခဲ့ပါဘူး။  အခင်းဖြစ်ညနေမှာ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ပေမယ့် တစုံတရာ မှတ်ချက်မပေးခဲ့ဘူးလို့ ပြောပါတယ်။ ကူတိုကျေးရွာမှာ ဆက်သွယ်ရေးတာဝါတိုင် နှစ်ခုရှိပြီး လူနေအိမ်တွေနဲ့ နီးကပ်နေတဲ့ တခြားတာဝါတိုင် လဲပြိုသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးက တာဝါတိုင် ပြိုလဲသွားတာ သတင်းရရှိကြောင်း၊ ဘယ်ကုမ္ပဏီ ဆောက်သွားတယ်ဆိုတာ အသေးစိတ် မပြောနိုင်သေးကြောင်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024