ဒဏ်ရာကြောင့် ကာလကြာ အနားယူနေရသည့် ကာဇိုလာ လေ့ကျင့်ခန်း ပြန်ဆင်း

  ဒဏ်ရာကြောင့် ၁၈ လကြာအနားယူနေခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာဟာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဖနောင့်ကျောဒဏ်ရာရရှိခဲ့လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ကတည်းက အနားယူနေခဲ့ရပြီး လက်ဖျံသားနဲ့ပါ အစားထိုးခွဲစိတ်ကုသခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကာဇိုလာအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီးတော့ လာမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတောင် လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။ ကာဇိုလာဟာ အိမ်ကွင်း အန်းမရိတ်စ်ကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ တဦးတည်း လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပျော်ရွှင်နေတယ်လို့ စာရေးသားတင်ခဲ့ပါတာပါ။ ကာဇိုလာဟာ အာဆင်နယ်အသင်းအတွက် အားထားရတဲ့ ကွင်းလယ်ကစားသမား ဖြစ်သလို သူသာ ပြန်လည်ပါဝင်လာမယ်ဆိုရင်တော့ လက်ရှိလူစာရင်းထက် အင်အားပိုပြီး တောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up