Home
မြန်မာသတင်း
ပလိပ်မြို့ အကြိမ် ၆၀ မြောက် ညောင်ရေသွန်းပွဲတော်
DVB
·
April 29, 2018
  အကြိမ်​​ ၆၀ ​မြောက်​ ​ညောင်​​ရေးသွန်းပွဲ​တော်ကို ​ပလိပ်​မြို့မှာ ဧပြီ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကဆုန်​လပြည့်​​နေ့ဟာ ဗုဒ္ဓဘာသာဝင်​တို့ရဲ့ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါတယ်​။ ​ဂေါတမမြတ်​စွာဘုရားရှင်​ရဲ့ ဖွားမြင်​​တော်​မူရာ​နေ့ဖြစ်​သလို ပရိနိဗ္ဗာန်​ စံဝင်​​တော်​မူခဲ့တဲ့နေရာလည်းဖြစ်​တဲ့ ထူး​မြတ်တဲ့​ အခါသမယဖြစ်​တာ​ကြောင့် ​ဘုရားရှင်​ သက်​ရှိထင်​ရှားရှိ​တော်​မူတယ်​လို့ အာရုံပြုကာ ​မဟာ​ဗောဓိ​ညောင်​ပင်​ရင်းမှာ ညောင်ရေသွန်လောင်းလှူကြပြီး အ​မွေးနံ့သာဆီမီးတွေ ထွန်းညိပူ​ဇော်ကန်​​တောကြတာ ဖြစ်ပါတယ်။ ပလိပ်​မြို့ရှိ ​မြောက်​​မြေ၊ ​ဈေး​ဟောင်း​၊ နောက်​​တော်​ပါ၊  ​ညောင်​ပင်​သာ၊ သရက်​​ချောင်၊ ​မြောက်​​မြေ၊ ​အောင်​​မြေ​တို့က ရပ်​မိရပ်​ဖတွေနဲ့ ရပ်​ကွက်​သူရပ်​ကွက်​သား​တွေဟာ မဟာ​ဗောဓိပင်​ရှိရာ​ဈေးသစ်​ရပ်​ကွက်​ကို ရပ်​ကွက်​ချင်းအလိုက်​ စီတန်းလှည့်​လည်​ပြီး ​ညောင်​​ရေသွန်း​လောင်းခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024