မန်ယူတွင် ဆန်းချက်ဇ် အောင်မြင်မည်ဟု မော်ရင်ဟိုပြော

အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အောင်မြင်မယ့် ကစားသမား ဖြစ်လာမယ်လို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဆန်းချက်ဇ်ဟာ လာမယ့်ပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်အသင်းကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရင်ဆိုင်ရဖို့ရှိနေပြီး နည်းပြမော်ရင်ဟိုကလည်း ပွဲထွက်လူစာရင်းမှာ ရွေးချယ်သွားဖို့ ရှိနေပါတယ်။ တပတ်လုပ်ခ ပေါင် ၆ သိန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆန်းချက်ဇ်ဟာ အသင်းသစ်ကို ရောက်ရှိချိန်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီ ဆုဖလားမျှော်လင့်နိုင်တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာလည်း သူ့ရဲ့ သွင်းဂိုး ၁ ဂိုးနဲ့အတူ ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ မေ ၁၉ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ၁၄ ပွဲကစား ၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ထိ ပြုလုပ်ထားနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up