ကာမိုင်းမြို့တွင် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်မှာ ဧပြီ ၂၇ ရက် ညပိုင်းက နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မိုးကောင်းမြို့နယ် မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူက ပြောပါတယ်။ အိမ်ရှင်ဦးဂျာခွန်တူးဟာ လျှပ်စစ်မီးမလာလို့ ဖယောင်းတိုင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး အနီးရှိစောင်ကို မီးစတင်ကူးစက်လောင်ကျွမ်းခဲ့တာလို့ မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူက ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားရာနေရာကို မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေက မီးသတ်ရေသယ်ယာဉ် ၂ စီး၊ သန္ဓေ ၅ ဦး၊ အရံ ၅ ဦးတို့နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် အိမ်ရှင် ဦးဂျာခွန်တူးရဲ့ ၂၄x၁၆ ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ မြေစိုက် ၂ ထပ် လူနေအိမ်တလုံး၊ အိမ်ငှား ဖြစ်သူ ဦးမြင့်ဝေရဲ့  ၂၄x၁၆ ပေ သွပ်မိုး၊ပျဉ်ထောင်၊ ပျဉ်ခင်း၊ မြေစိုက် ၁ ထပ်လူနေအိမ်တလုံး စုစုပေါင်း နေအိမ်နှစ်လုံး၊ ကာလတန်ဖိုး ၁၄ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ကာမိုင်းနယ်မြေရဲစခန်းက မီးပေါ့ဆစွာအသုံးပြုသူ ဦးဂျာခွန်တူးကို ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up