Wednesday, June 7, 2023
HomeLead Storyဝမ်းတွင်းတွင် လေပြင်းတိုက်၍ ရွာ ၅ ရွာမှ အိမ်များနှင့် ဆေးပေးခန်း ပျက်စီး

ဝမ်းတွင်းတွင် လေပြင်းတိုက်၍ ရွာ ၅ ရွာမှ အိမ်များနှင့် ဆေးပေးခန်း ပျက်စီး

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ ဧပြီ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ မိုးနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ရွာ ၅ ရွာက အိမ် ၁၆ လုံး နဲ့ ဆေးပေးခန်း ၁ ခု အမိုးလန်ပြီး အကာထရံတွေ ပျက်စီးသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

‎ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ရုံးအုပ် ဦးအောင်ကျော်ဦးက “ဆူးပန်းရွာ၊ သခွတ်မြင့်ရွာ၊ သစ်ပုလွေကန်ရွာ၊ ခါတက်ကုန်းရွာတွေက ဧပြီလ ၂၆ ရက်နေ့မှာ လေဘေးသင့်တယ်။ ရိုးစုံရွာကတော့ ဧပြီလ ၂၇ ရက်ညနေက လေပြင်းတိုက်သွားတယ်။ ရိုးစုံရွာက ဆေးပေးခန်း အမိုးလန်ပျက်စီးသွားတယ်၊ လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အကူအညီပေးနေတယ်” လို့ ပြောပါတယ်။

ရိုးစုံရွာနေ ကိုစိုးဦးက “မိုးနဲ့လေ တပြိုင်တည်း တိုက်သွားတယ်။ ရွာကဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ထရံ နဲ့ သက်ကယ်မိုး ပျက်စီးသွားတယ်။ လူနေအိမ်တွေလည်း ပျက်စီးတယ်။ မြို့နယ်အဖွဲ့တွေ လာပြီးကူညီပေးကြတယ်” လို့ ပြောပါတယ်။

‎နှစ်စဉ်လိုလို ဧပြီ၊ မေလတွေမှာ ဝမ်းတွင်းမြို့နယ်အတွင်း လေဘေးဒဏ်ခံရလေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်နေ့က တကြိမ် လေပြင်းတိုက်ခဲ့ပြီး အခု ၁၀ ရက်ခြားပြီး ထပ်မံ လေပြင်းတိုက်တာဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular