Monday, May 29, 2023
HomeLead Storyကိုယ့်ဆန္ဒအလျှောက် တပ်ထဲဝင်လာသဖြင့် စစ်မှုထမ်းသက်ပြည့် နေရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

ကိုယ့်ဆန္ဒအလျှောက် တပ်ထဲဝင်လာသဖြင့် စစ်မှုထမ်းသက်ပြည့် နေရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော်သားတွေဟာ မိမိသဘောဆန္ဒနဲ့ တပ်ထဲကို ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ စစ်မှုထမ်းသက်ပြည့်အောင် ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ မနက်ပိုင်းက ပြင်ဦးလွင်တပ်နယ် တပ်မတော် လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းမှာ ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတာပါ။

တပ်မတော် လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းက နည်းပြအရာရှိ၊ စစ်သည်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော် အရာရှိကြီးတွေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်က တပ်မတော် အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်သူမဆို သတ်မှတ်ချက်တွေနဲ့ အညီ တာဝန် ထမ်းဆောင် နိုင်ခွင့်ရှိကြောင်း၊ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ဖွဲ့က အရာရှိ၊ စစ်သည်တွေကို ပညာရှင်တွေ ဖြစ်အောင် တပ်မတော်က နှစ်ကာလတွေအများကြီး အချိန်ပေး လေ့ကျင့်ပေးထားရတာကြောင့် အသက်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို အကျိုးပြုစေလိုတယ်လို့ ပြောပါတယ်။

ပြီးတော့ အာဟာရပြည့်ဝတဲ့ ရိက္ခာတွေ ပြည့်ပြည့်ဝဝရဖို့ ဆောင်ရွက်ပေးထားပြီး မိသားစု သက်သာချောင်ချိရေးအတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်တဲ့ တပ်ပိုင် စိုက်ပျိုး မွေးမြူရေး၊  တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ ဝင်ငွေနဲ့ထွက်ငွေကိုလည်း မျှတစွာသုံးစွဲဖို့လိုပြီး မိမိကိုယ်တိုင်နဲ့ မိသားစုကို ထိခိုက်နိုင်တဲ့ အရက်သေစာသောက်စားတာ၊ အပျော်အပါး လိုက်စားတာတွေကို ဆင်ခြင်တုံတရားနဲ့ ရှောင်ကျဉ်ဖို့ လိုတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေပြီး တာဝန်ထမ်းဆောင်ချိန်မှာ တပ်မတော်မှာ သုံးတဲ့ စစ်လက်နက်တွေ၊ ယန္တရားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို စွမ်းအားပြည့် အသုံးပြုနိုင်ရမှာ ဖြစ်ပြီး စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ မိမိတို့အသုံးပြုတဲ့ စစ်လက်နက် ပစ္စည်းတွေ ချို့ယွင်းမှုတွေရှိရင် ဆုံးရှုံးမှုတွေ ဖြစ်နိုင်ကြောင်း၊ အဲဒီလို မဖြစ်စေဖို့ ပြုပြင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ တပ်မတော်လျှပ်စစ်နဲ့ အင်ဂျင်နီယာ တပ်ဖွဲ့ဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါတယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ပြီးတော့ တပ်မတော်သားတွေ နေရေးအတွက်အဆင်ပြေစေဖို့အတွက် အဆောက်အဦတွေ ပြည့်ပြည့်စုံစုံ အောင်ဆောက်လုပ်ထားရှိပေးနေပြီး တပ်မတော်သားတွေ ပညာရည်မြင့်မားဖို့ စီမံချက်တွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မှီခိုသူ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရည်မြင့်မားရေးအတွက်လည်း တပ်မတော်က တဖက်တလမ်းက ထောက်ပံ့ပေးထားသလို မိမိတို့ကိုယ်တိုင်လည်း အသိပညာတွေ တိုးတက်စေဖို့ စာဖတ်ဖို့လိုတယ်လို မှာကြားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular