အမေရိကန်တွင် အစိုးရကျောင်းဆရာ/ဆရာမများ လစာတိုးရေး ဆန္ဒပြ

775
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ်ထဲက အစိုးရကျောင်းဆရာ၊ ဆရာမတွေဟာ လစာတိုးရေးနဲ့ ပညာရေးအသုံးစရိတ်မြှင့်ရေးအတွက် ဧပြီ ၂၆ ရက်နေ့မှာ စာသင်ခန်းတွေကနေထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အနောက်ဗာဂျီးနီးယား၊ အိုကလာဟိုးမားနဲ့ ကန်တက်ကီပြည်နယ်တို့ကလည်း အလားတူ ဆန္ဒပြပွဲတွေကို ထောက်ခံနေကြပါတယ်။
ဒီဆန္ဒပြပွဲဟာ ပညာရေးဝန်ထမ်းတွေ ဖြစ်စေချင်တဲ့ဆန္ဒကို နိုင်ငံ့ခေါင်းဆောင်တွေ သိအောင် သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်တွေက ပြောပါတယ်။
ကော်လိုရာဒိုက ပညာရေးဝန်ထမ်းတွေဟာ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကျောင်းပိတ်ဆန္ဒပြနေကြတာပါ။
ဒီဆန္ဒပြပွဲမှာ ပညာရေးဝန်ထမ်း ၁ သောင်းကနေ ၁ သောင်းခွဲအထိ ပူးပေါင်းပါဝင်နိုင်တယ်လို့ အမေရိကန်ဆရာများသမဂ္ဂက ခန့်မှန်းထားပါတယ်။