မိုင်းခတ်မြို့အနီး အင်အား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်
DVB
·
April 27, 2018
ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့ မြောက်ဘက် ၁၈ မိုင်ခန့်အကွာမှာ ဧပြီလ ၂၇ ရက် မနက် ၁၁ နာရီ ၅၅ မိနစ် ၂၉ စက္ကန့်မှာ အင်အား ၄ ဒသမ ၄ အဆင့်ရှိ အင်အားနည်း မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ကျိုင်းတုံ မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် (၅၀) ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မိုင်းခတ်မြို့ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ က၃၆ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
အခု ဧပြီလအတွင်းမှာ အင်အားအနည်းငယ်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေ နေ့စဉ်ရက်ဆက်ဆိုသလို လှုပ်ခတ်နေပြီး ၂၀၁၈ ဇန်န၀ါရီကနေ ဧပြီလအထိ နိုင်ငံတွင်းမှာ ငလျင်အကြိမ်ရေ ၇၀ ကျော် လှုပ်ခဲ့ပြီး ဖြစ်ပါတယ်။