မာနယ်ပလောအနီး အစိုးရတပ်နှင့် ကေအန်ယူ တိုက်ပွဲဖြစ်
နေဖြိုးဝင်း
·
April 26, 2018
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) လက်အောက်ခံ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ အတွင်း အစိုးရတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ)တို့ အကြား ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တပ်မဟာ ၇ နယ်မြေအရင် မာနယ်ပလောအနီး ဟတ်ကြီးရေကာတာစီမံကိန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုမန်းမန်းက ပြောပါတယ်။
“ဒီကိစ္စက ၁၂ နာရီလောက်မှာဖြစ်တယ်လို့ ကျနော်တို့ကြားရတာပေါ့နော်။ တပ်မဟာ ၇ ရဲ့ မာနယ်ပလောခွင် လောက်မှာဖြစ်တာပေါ့နော်။ ကျနော်တို့ သိရသလောက်တော့ နယ်မြေကျွံ လာတဲ့အပေါ် အဓိက အစိုးရစစ်တပ်ဘက်ကနေပြီးတော့မှ သူတို့ရဲ့ ရေကာတာစီမံချက်အပေါ်မှာ စိုးမိုးရေးအတွက် ဆောင်ရွက်ပြီး စစ်ဆင်ရေးဆင်တယ်လို့ကျနော်တို့ မှတ်ယူလို့လည်းရတာပေါ့။ ”
ဒီတိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အစိုးရတပ်ဘက်က ပစ်ခတ်တိုက်ခတ်ခဲ့ တယ်လို့လည်း ပြောပါတယ်။ အခုချိန်ထိတော့ နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါဘူး။