တိုက်စစ်မှူး ကော်စတာ အာဆင်နယ်ကို အခက်တွေ့စေမည်ဟု တီကိုနည်းပြ ပြော

ဓာတ်ပုံ - Getty Images
851
ဒီယေဂိုကော်စတာဟာ အာဆင်နယ်အသင်းကို အခက်အခဲတွေ့စေမယ့်သူလို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြောကြားလိုက်ပါတယ်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ဒီယေဂိုကော်စတာဟာ တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်တယ်လို့ ဆီမြွန်နီက ပြောလိုက်ပါတယ်။
ပထမအကျော့ပွဲစဉ်ကို အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အန်းမရိတ်စ်မှာ လက်ခံကစားရမှာလည်း ဖြစ်ပါတယ်။
ဒီယေဂိုကော်စတာဟာ အာဆင်နယ်အသင်းတင်မကဘဲ စပိန်နဲ့ အင်္ဂလန်မှာရှိတဲ့ အသင်းတွေကို ဝေဒနာခံစားစေနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဥရောပပြိုင်ပွဲတွေမှာ လီဗာပူးနဲ့ အာဆင်နယ် နှစ်သင်းသာ ဗိုလ်လုပွဲနဲ့ အနီးကပ်ဆုံး အခြေအနေမှာ ကျန်ရှိနေပြီး လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ရိုးမားကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။
အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ယူရိုပါလိဂ်ဖလားရရှိဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ်။