Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှု ပိုတိုးလာ
DVB
·
April 25, 2018
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှု ပိုများလာတယ်လို့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့  ကချင်-မူးယစ်ဆေးဝါးတိုက်ဖျက်သောနေ့ (Kachin Anti-Drug Day) အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၄- ၂၀၁၆ ကာလတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ စိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ ကျဆင်းလာခဲ့ပေမယ့် ကချင်ဒေသတွေက တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် အခု ၂၀၁၇-၁၈ကာလမှာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုတွေ ပြန်လည်မြင့်တက်လာတယ်လို့လည်း ထုတ်ပြန်ပါတယ်။ ကချင်-မူးယစ်ဆေးဝါး တိုက်ဖျက်သောနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မြစ်ကြီးနား ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက “အဓိကရည်ရွယ်ချက် ကချင်ပြည်နယ်မှာတင်မကဘူး။ တနိုင်ငံလုံးအတိုင်းအတာမှာ ကြုံတွေ့နေရတဲ့ လူထုရဲ့ရန်သူ မူးယစ်ဆေးဝါးကို ကျနော်တို့လူထုအနေနဲ့ စတင်တိုက်ဖျက်ဖို့  ဆုံးဖြတ်ပြီးမှ လုပ်ဆောင်လာခဲ့တဲ့ ဧပြီ ၂၅ ရက် အားလုံးပြန်ပြီးမှ အမှတ်ရစေဖို့ နောက်ပြီး အဓိကကတော့ ဘုံရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကို အားလုံး တာဝန်ရှိရှိနဲ့ ဆက်လက်တိုက်ဖျက်နိုင်ဖို့အတွက် ရည်ရွယ်တယ်”လို့ပြောပါတယ်။ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖက်ရေးအဖွဲ့(Pat Jasan)ကို ပြီးခဲ့တဲ့ ၂၀၁၄ ခု ဧပြီ ၁၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဧပြီ ၂၅ ရက်နေ့ကို (မူးယစ်ဆေးဝါး စတင် တိုက်ဖျက်သောနေ့ D-Day) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Photo: Hkun Awng Nlam 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024