Home
မြန်မာသတင်း
သပိတ်ကျင်းတွင် ယမ်းပေါက်ကွဲ၊ အမျိုးသား ၁ ဦးသေ ၅ ဦး ဒဏ်ရာရ
DVB
·
April 24, 2018
  မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှာ  ယမ်းပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသား ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၃ ရက်မနက် ၈ နာရီ ၁၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ကမ်းပါးနီကျေးရွာရှိ စည်းလုံးသောစွမ်းအားအရင်းအမြစ် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အမှတ် (TPK-222) မှာ အခင်းဖြစ်ပွားခဲ့တာပါ။ အဆိုပါလုပ်ကွက်မှာ စဥ့်ကူးမြို့နယ်၊ တလိုင်းငုတ်ကျေးရွာနေ အောင်ဖြိုးဝင်း(ခ) မျက်ပြူး (၁၉)နှစ်ပါ အလုပ်သမား(၆)ဦးတို့ဟာ ကုမ္ပဏီမန်နေဂျာ ဦးနေဝင်းအောင်ရဲ့ ခွင့်ပြုချက်နဲ့ ယမ်းတောင့် ၁၂ တောင့်အားထုတ်ယူခဲ့ပြီး ယမ်းခွဲဖို့ ပြင်ဆင်နေစဉ် စတီးကတ်အား ထိခိုက်မိလို့ ယမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ရဲသတင်းမှာဖော်ပြပါတယ်။ ယမ်းပေါက်ကွဲမှုကြောင့် အောင်ဖြိုးဝင်း (ခ)မျက်ပြူးမှာ မျက်နှာ၊ ဝမ်းဗိုက်၊ ရင်ဘတ်ယမ်းစမှန်စုတ်ပြဲဒဏ်ရာ၊ ဝဲခြေကျင်းဝတ် ပြတ်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရမှာ သေဆုံးခဲ့ပြီး မိုးကုတ်မြို့၊ စစ်တန်းရပ်ကွက်နေ ခင်မောင်ထွန်း(၄၃)နှစ် ပါ(၅)ဦးတို့ ကတော့ မစိုးရိမ်ရတဲ့ ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မန်နေဂျာ ဦးနေဝင်းအောင်ကို သပိတ်ကျင်းမြို့မ ရဲစခန်း(ပ)၁၀၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၆/၃၃၈ နဲ့ အရေးယူထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024