Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် တောဆင်ငယ် ၁ကောင် အစာပြတ်သေဆုံး
DVB
·
April 24, 2018
  ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ထဲမှာ တောဆင်ငယ်တကောင် ဧပြီ ၂၂ ရက် ညနေက အစာပြတ်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကွမ်းသီးမြှောင်ကျေးရွာ မြောက်လှိုင်ကလောစခန်းနားမှာ ဆင်တကောင် သေဆုံးနေတဲ့ သတင်းရလို့ တိုက်ကြီးမြို့မရဲစခန်နဲ့ သစ်တောဌာနက တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာမှာ အသက် ၁ နှစ်ခွဲလောက်ရှိမယ် ဆင်ထီးတကောင်ကို ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သာယာဝတီသစ်ထုတ်လုပ်ရုံးက သစ်တောအုပ်ကြီးကို ဖုန်းဆက် အကြောင်းကြားပြီး ဆင်ဆရာဝန်ရဲ့ ထင်မြင်ချက်တောင်းခံထားခဲ့တဲ့အတွက် ဧပြီ ၂၃ ရက် မနက်မှာ အဲဒီနေရာကို မြို့နယ် တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှူး ရောက်လာပြီး စစ်ဆေးရာခဲ့ပါတယ်။ စစ်ဆေးရာမှာ ဆင်ငယ်ဟာ အစာရေစာပြတ်လပ်လို့ ဆီးချုပ်၊ ဝမ်းချုပ်ဖြစ်ကာ သေဆုံးခဲ့တာကို တွေ့ရှိရပြီး သေဆုံးနေတဲ့ ဆင်ကို အဲဒီနေရာမှာ မြေကျင်းတူး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024