Home
မြန်မာသတင်း
ABSDF (မြောက်ပိုင်း) ရဲဘော်များ အသတ်ခံရသည့်ကိစ္စ အမှန်တရားဝန်ခံရန် တောင်းဆို
သူဇာလင်း
·
April 24, 2018
  ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တဲ့ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း)ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုသံချောင်းကို အမှန်တရားဝန်ခံဖို့ တောင်းဆိုပါတယ်။ သေဆုံးသူတွေရဲ့မိသားစုတွေအပါအဝင် အခင်းဖြစ်ပွားတဲ့အချိန်မှာ ကိုယ်တိုင်ခံခဲ့ရပြီး လွတ်မြောက်လာသူတွေက  ဧပြီ၂၄ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပူးပေါင်း သတင်းစာရှင်းလင်းပွဲကျင်းပ တောင်းဆိုလိုက်တာပါ။ ကိုသံချောင်းဟာ ထောင်ဒဏ်အနှစ် ၂၀ ကျပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ဧပြီလ ၁၇ ရက်နေ့ကမှာ သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၁-၉၂ ခုနှစ်ကာလက ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း အဖွဲ့အတွင်း စစ်ထောက်လှမ်းရေး သူလျှိုတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ရဲဘော် ၄၁ ယောက် သေဆုံးခဲ့ပြီး ၆၁ ယောက် လွတ်မြောက်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024