ဂီတဖျော်ဖြေပွဲတခုအတွင်း ဘီယွန်းစေး စင်ပေါ်တွင် လဲကျ (ရုပ်သံ)

ဓာတ်ပုံ - The Mega Agency
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ကို့ချယ်လာမြို့မှာ ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲ စင်မြင့်ပေါ်မှာ နာမည်ကြီးအဆိုတော် ဘီယွန်းစေး ချော်လဲကျခဲ့ပေမယ့် လူတွေ သတိမထားမိဘူးလို့ သိရပါတယ်။ နာမည်ကျော် ဘီယွန်းစေးက ဂီတပွဲတော်မှာ ဒုတိယပတ် အားလပ်ရက်အတွက် ဖျော်ဖြေချိန် သူမနဲ့အတူ သီဆိုနေတဲ့ အမဖြစ်သူ Solange ကို ချီမလိုက်ချိန်မှာ သူတို့ ၂ ဦးစလုံး စတိတ်စင်ကြမ်းပြင်ပေါ် လဲကျသွားခဲ့တာပါ။ လဲကျတာကို ဘယ်သူမှ သတိမထားမိခင်မှာပဲ သူတို့ ၂ ဦး လဲကျရာကနေ စင်ပေါ်ပြန်ရပ်နိုင်ခဲ့ပြီး ဆက်လက်ဖျော်ဖြေကာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဘီယွန်းစေးက ကယ်လီဖိုးနီးယား ဂီတပွဲတော်မှာ သူမရဲ့ အမနဲ့အတူတွဲ ဖျော်ဖြေတာအပြင် ငယ်စဉ်က အတူသီဆို အောင်မြင့်ခဲ့တဲ့ သူမရဲ့ တီးဝိုင်းအဖွဲ့သား မစ်ရှဲဝီလျံ၊ ကယ်လီရိုလန်တို့နဲ့အတူ သူတို့အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားဆုံး သီချင်းတွေကို သီဆိုရင်း ပရိသတ်တွေကို အံအားသင့်စေခဲ့ပါသေးတယ်။ ဘီယွန်းစေးရဲ့ ထူးခြားတဲ့ပွဲကို အဆိုတော် ရီဟားနားနဲ့ မိခင်ဖြစ်သူတို့လည်း ထိပ်ဆုံးတန်းက အားပေးခဲ့ကြတယ်လို့ သည်ဆန်းသတင်းမှာ ဧပြီ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up