Home
အနုပညာ
ဖွေးဖွေး၊ လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ပါဝင်သည့် “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်(နမူနာ)
DVB
·
April 23, 2018
“တရားဥပဒေချိုးဖောက်မှ ပြစ်မှုမြောက်တယ်လို့ မင်းထင်နေလား။ စာရွက်ပေါ်မှာ ချမရေးထားတဲ့ လူ့ကျင့်ဝတ်တွေ အများကြီးရှိတယ်ဆိုတာ မင်းနားလည်ထား”-နေညိုသွင် ဒါကတော့ လက်ရှိ ပရိတ်သတ်တွေကြား လူပြောများနေတဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားထဲက ဒိုင်ယာလော့ခ် တခုဖြစ်ပါတယ်။ လူငယ်ဟစ်ဟော့ပ်အဆိုတော်တွေ ဖြစ်ကြတဲ့ လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ နာမည်ကြီး မင်းသမီး ဖွေးဖွေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ငါ့ကို နမ်းတဲ့ မုန်တိုင်းရုပ်ရှင်ကားကြီးကို မ ကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို BoBo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာဖြစ်ပြီး စာရေး ဆရာ ညေးရဲ့ ၀တ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားခဲ့တာဖြစ်ကာ ဒါရိုက်တာ အောင် ဇော်လင်းနဲ့ ၀င်းလွင်ထက်တို့က ရိုက်ကူးထားခဲ့ကြတာပါ။ လူငယ် အဆိုတော် ၂ ဦးကို ပွဲထုတ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ တခြား ၀ါရင့်သရုပ်ဆောင်အကယ်ဒမီမင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ နေအောင်၊ ရဲအောင်နဲ့ မြတ်ကေသီအောင်တို့လည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ သြရထူး၊ နေညိုသွင်၊ ပျိုဆိုတဲ့ ထူးထူးခြားခြား နာမည်တွေရယ် ဇာတ်လမ်းထဲက ဒိုင်ယာလော့ဂ်တွေကလည်း အွန်လိုင်းပေါ်က ရုပ်ရှင် Trailer မှာပဲ ပရိတ်သတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းအဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားမှာ မတူညီတဲ့ ယော က်ျား ၂ ယောက်နဲ့ တွေ့ဆုံမှုမှာ အချစ်စစ်ကို ဘယ်လိုရှာတွေ့နိုင်မလဲ… ငွေကြေးဥစ္စာ ဓနတွေက အချစ်ဆိုတဲ့ အရာအပေါ်မှာ ဘယ်လောက်လွှမ်းမိုးထားနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ အဆိုတော်တွေအဖြစ် ပရိတ်သတ်တွေ အခိုင်အမာရှိထားကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့် အောင်တို့ရဲ့ ပရိတ်သတ်တွေကလည်း ဒီကားကို မထွက်ခင်ကတည်းက စောင့်မျှော် အားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024