Sunday, May 28, 2023
HomeLead Storyဆီးရီးယားကို အမေရိကန် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ချီကာဂိုတွင် ဆန္ဒပြ

ဆီးရီးယားကို အမေရိကန် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ချီကာဂိုတွင် ဆန္ဒပြ

ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်သုံးခဲ့တယ်လို့ စွပ်စွဲချက်တွေဟာ တရားမဝင်ကြောင်းနဲ့ အမေရိကန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ချီကာဂိုမြို့လယ်မှာ စုရုံးဆန္ဒပြခဲ့ကြပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဆီးရီးယားမှာ အမေရိကန် ဗုံးကြဲတာကို လက်မခံဘူး၊ ဆီးရီးယားက စစ်ပွဲကို ချက်ချင်းရပ်၊ အင်ပါယာအတွက် စစ်ပွဲအလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်စွဲခဲ့ကြပါတယ်။

“စစ်ပွဲတွေကို ဆန့်ကျင်ဖို့ အရေးကြီးတယ်။ လူတွေ သတ်နေတာ ရပ်ဖို့။ တခြားနိုင်ငံတွေနဲ့ ပတ်သက်ပြီး လူတွေ ကိုယ့်ပန်းတိုင်ကို ဆုံးဖြတ်ခွင့်ရှိတယ်” လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“ဆီးရီးယားနိုင်ငံတွင်းက အရင်းအမြစ်တွေနဲ့ ရေနံပိုက်လိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ရုပ်သေးအစိုးရတင်ရေး ဆီးရီးယားမှာ အမေရိကန်ရဲ့ အရင်းရှင်ဆန်တဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ ဒါဟာ စစ်ပွဲအတွက် မှန်ကန်တဲ့ အကြောင်းပြချက်တွေ ဖြစ်လိမ့်မယ်” လို့ သူက ထောက်ပြ ပြောဆိုပါတယ်။

ဆီးရီးယားမှာ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှုပဲလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

“တိကျ ခိုင်လုံတဲ့ သက်သေ ဘာမှမရှိဘူး။ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုဟာ တရားမဝင်တဲ့ စစ်ရာဇဝတ်မှုပဲ” လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။

ဧပြီ ၁၃ ရက်နေ့က ဆီးရီးယားမှာ သမ္မတ အာဆတ်အစိုးရက အရပ်သားတွေကို ဓာတု လက်နက်နဲ့ တိုက်ခိုက်တယ်လို့ အမေရိကန် သမ္မတက ကြေညာပြီး ဆီးရီးယားအပေါ် လေကြောင်း တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular