PFA အကောင်းဆုံး လူငယ်ကစားသမားဆု ဆာနေး ရရှိ

PFA ကချီးမြှင့်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို မန်စီးတီးကစားသမား ဆာနေးက ရရှိသွားပါတယ်။ ဆာနေးဟာ ဒီဆုအတွက် စပါးက ဟယ်ရီကိန်း၊ အသင်းဖော် စတာလင်၊ အီဒါဆန်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖူဟမ်က ဆက်ဆီနွန်တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ အကောင်းဆုံးကစားသမားဆု ရခဲ့တာဟာ မိမိဘဝရဲ့ ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်တယ်လို့ ဆုပေးပွဲမှာ ဆာနေးက ပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိ ဂျာမနီကစားသမား ဆာနေးဟာ အခုနှစ်ရာသီမှာ မန်စီးတီးအသင်းအတွက် ၉ ဂိုးသွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လူငယ်အကောင်းဆုံးကစားသမားဆုဟာ ချန်ပီယံမဖြစ်တဲ့ အသင်းတွေက ကစားသမားတွေသာ ရယူလေ့ရှိတာပါ။ ဒါပေမယ့် ၂၀၀၇ ခုနှစ်မှာ မန်ယူချက်စတာယူနိုက်တက်က စီရော်နယ်ဒို ရရှိပြီးနောက် အခုနှစ်မှ ချန်ပီယံအသင်းက ကစားသမားတဦး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up