အသတ်ခံရရသည့် အမေဇုန်မိုးသစ်တော ကာကွယ်သူ အမျိုးသမီးကြီး ဈာပန ကျင်းပ

ပီရူးနိုင်ငံ အမေဇုန်မိုးသစ်တောတွေကို ကာကွယ်သူ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးဟာ သူ့ဘိုးဘေးတွေရဲ့ ဇာတိမြို့မှာ အသေပစ်သတ်ခံခဲ့ရပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ သူ့ဈာပနမှာ တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ အိုလီဗီယာ အာရေဗာလို လိုမတ်စ်ဟာ ဧပြီ ၁၉ ရက်နေ့က ဗစ်တိုးရီးယား ဂရာစီယာ ရပ်ကွက်မှာ အသတ်ခံခဲ့ရတာပါ။ အူကာယာလီ ဒေသခံ တိုင်းရင်းသားအုပ်စုရဲ့ အဆိုအရ အမျိုးသမီးကြီးဟာ အကြိမ်ရေ အတော်များများ သေနတ်နဲ့ပစ်တာ ခံခဲ့ရပြီး တိုက်ခိုက်သူက မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အမျိုးသမီးကြီးဟာ အမေဇုန်တောထဲက ဆေးပင်တွေကို သုံးစွဲလို့ နာမည်ရခဲ့ပြီး နိုင်ငံတကာ အာရုံစိုက်တာ ခံခဲ့ရသူပါ။ သူ့ အသတ်ခံရမှုကို တိုင်းရင်းသား ခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချခဲ့ပြီး သူတို့ လူ့အဖွဲ့အစည်းကို လုံခြုံရေး ပိုအားဖြည့်ပေးဖို့ ဆော်သြခဲ့ပါတယ်။ ဒီအမှုအတွက် သံသယရှိသူတယောက်ကို လူအုပ်နဲ့ တရားလက်လွတ် စစ်ဆေး သေဒဏ်ပေးခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ အစီရင်ခံစာတွေလည်း ပေါ်ထွက် ခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဒီအမှုကို စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုခဲ့ပြီး စိတ်တည်တည်ငြိမ်ငြိမ် ထားကြဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up