Home
မြန်မာသတင်း
ကရင်​နီပြည်​လူငယ်​များသမဂ္ဂ ဖွဲ့စည်းတည်​​ထောင်​ခြင်း ၁၀ ပြည့်အထိမ်းအမှတ်​ပြုလုပ်
DVB
·
April 22, 2018
  ကယားပြည်​နယ်​နဲ့ ကယန်း​ဒေသကို အ​ခြေပြုပြီး လူငယ်​နိုင်​ငံ​ရေး အစုအဖွဲ့တစ်​ခုဖြစ်​တဲ့ ကရင်​နီပြည်​လူငယ်​များ သမဂ္ဂ(ယူ​ကေအက်​ဝိုင်​)အဖွဲ့ ဖွဲ့စည်းတည်​​ထောင်​ခြင်း ၁၀ နှစ်​ပြည့် အထိမ်းအမှတ်​ အခမ်းအနားကို လွိုင်​​ကော်​မြို့နယ်​ ​ထေးဌားလျား ​ကျေးရွာရှိ ယူ​ကေအက်​ဝိုင်​ ရုံးမှာ​ ဧပြီလ ၂၁ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်​။ ဒီအထိမ်းအမှတ်​ အခမ်းအနားမှာ သမဂ္ဂအဖွဲ့ဝင် ​အဖွဲ့အစည်း​တွေ၊ အခြား​သော လူငယ် ​မဟာမိတ်​အဖွဲ့အစည်း၊ ကယန်းအမျိုးသားပါတီ၊ ကရင်​နီပြည်​ လူမျိုး​ပေါင်းစုံ ပြည်​သူ့ လွတ်​​မြောက်​​ရေးတပ်​ဦး အဖွဲ့​တွေက ကိုယ်​စားလှယ်​​တွေ တက်​​ရောက်​ခဲ့ပြီး သမဂ္ဂသမိုင်းကို ဖတ်​ကြားခြင်း၊ အမှတ်​တရစကား​ပြောကြားခြင်းနဲ့ ကဗျာရွတ်​ဖတ်​ခြင်း အစီအစဉ်​​တွေကို ပြုလုပ်​ခဲ့ပါတယ်​။ အဆိုပါ သမဂ္ဂအဖွဲ့အစည်းဟာ ကရင်​နီပြည်​နယ်​တွင်း လူ့အခွင့်အ​ရေး ကာကွယ်​မြှင့်တင်​ ​ရေး၊ ဒီမိုက​ရေစီ​ရေးထွန်းကား​ရေး​တွေအပြင်​ အမျိုးသားတန်းတူ​ရေး၊ ငြိမ်းချမ်း​ရေးနဲ့ ဖက်​ဒရယ်​ ပြည်​​ထောင်​စုစနစ်​​ပေါ်​ပေါက်​လာ​ရေး ကိစ္စရပ်​​တွေမှာ လုပ်​ကိုင်​​ဆောင်​ရွက်​​နေတဲ့ အဖွဲ့အစည်း ဖြစ်​ပါတယ်​။ ကရင်​နီပြည်​လူငယ်​များ သမဂ္ဂအဖွဲ့ အ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ်​ ခွန်းဘားနဒ်​ဘုတ်​က "ကျ​နော်​​တို့​တွေ ညီညွှတ်​​ရေး​တွေ တည်​​ဆောက်​မှ သာလျှင်​ ကျ​နော်​တို့ တိုင်းရင်းသား​ဒေသမှာ ဒီမိုက​ရေစီအကူးအ​ပြောင်းကာလမှာ ကျ​နော်​တို့ လူငယ်​​တွေအ​နေနဲ့ ကျရာကဏ္ဍက​နေ ပါဝင်​ဝန်းရံမှု​တွေနဲ့ ဒီမိုက​ရေစီ​ရေး၊ ဖက်​ဒရယ်​​ရေးနဲ့ ပတ်​သက်​ပြီး ကျ​နော်​တို့ လုပ်​​ဆောင်​​နေ ပါတယ်" လို့​ပြောပါတယ်​။ ကရင်​နီပြည်​လူငယ်​များ သမဂ္ဂကို ၂၀၀၇ ခုနှစ်​တွင်​ စတင်​ဖွဲ့စည်းခဲ့ပြီး ဒီသမဂ္ဂအဖွဲ့မှာ ကယားပြည်​နယ်​ ​ကျောင်းသားများသမဂ္ဂ၊ ကယန်းမျိုးဆက်​သစ်​လူငယ်​၊ ကရင်​နီအမျိုးသား လူငယ်​အစည်းအရုံး၊ ကယန်းအမျိုးသမီးအစည်းအရုံးနဲ့ တသီးပုဂ္ဂလ နိုင်​ငံ​ရေး တက်​ကြွ လှုပ်​ရှားသူ​တွေနဲ့ ဖွဲ့စည်းထားပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူး​တူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024