Live
Home
မြန်မာသတင်း
ဆိုင်ကယ်စီးနင်းခြင်းဆိုင်ရာ သတိပေးချက် ထုတ်ပြန်
DVB
·
April 22, 2018
 
မြို့နယ် ၁၄ မြို့နယ်ကလွဲပြီး အခြားမြို့နယ်တွေမှာ မော်တော်ဆိုင်ကယ် စီးနင်းပါက အရေးယူသွားမယ့် သတိပေးနှိုးဆော်ချက်တရပ်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင် စတဲ့မြို့နယ်တွေမှာ စီးနင်းခွင့်ပြုထားပြီး စီးနင်းခွင့်မရှိတဲ့ မြို့နယ်တွေမှာ စီးနင်းပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လိုင်စင်မယ့်မော်တော်ဆိုင်ကယ်တွေ စီးနင်းတာ စစ်ဆေးတွေ့ရှိပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမှာဖြစ်သလို နယ်ကျော် ဆိုင်ကယ်စီးနင်းသူတွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024