ပီရူးတွင် ဒေါ်လာအတု ၁၈ သန်းကျော် ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
ပီရူးရဲတပ်ဖွဲ့ဟာ လီမာဒေသက အိမ်တအိမ်ကို မတ်လ ၁၉ ရက်နေ့က ဝင်ရာက်စီးနင်းရှာဖွေရာ ဒေါ်လာငွေအတု ၁၈ သန်းခွဲနီးပါး ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ ငွေအများစုဟာ ဒေါ်လာငွေအတုတွေဖြစ်ပြီး ပီရူးနိုင်ငံသုံး ဆိုးစ်ငွေအတုနဲ့ ဘိုလီးဗီးယားနိုင်ငံသုံး ပီဆိုငွေအတုတွေ ပါဝင်ပါတယ်။ ဒီငွေအတုတွေကို လက်တင်အမေရိကနိုင်ငံတွေ၊ အမေရိကန်နဲ့ ဥရောပတို့ကိုပို့ဖို့ ထုတ်လုပ်နေတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီငွေအတုတွေကို အစစ်အတိုင်းတူအောင် အကောင်းစား ပုံနှိပ်စက်တွေသုံးပြီး ရိုက်နှိပ်ထားတာပါ။ သီတင်း ၂ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်ကို ထုတ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပီရူးရဲတပ်ဖွဲ့က အခုစုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးရရှိမှုနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပေမယ့် လူ ၁၀ ဦးနီးပါး ပါဝင်တဲ့ ရာဇဝတ်ဂိုဏ်းတခုက ငွေတုတွေထုတ်နေတာလို့တော့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up