Home
မြန်မာသတင်း
ထမံသီအနီး မြေငလျင်လှုပ်ခတ်
DVB
·
April 20, 2018
စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး  အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဧပြီ ၂၀ရက် မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၅၈)မိနစ်၊ (၀၀)စက္ကန့် အချိန်မှာ ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၉၄) မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း (ထမံသီရဲ့ အရှေ့တောင်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၅.၂၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၄ ဒီဂရီ၊ အနက်(၁၄၆)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ ဆိုပါတယ်။ ဒီကနေ့မနက် ၁၀နာရီ ၄၅မိနစ် ကျော်ကလည်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီးမှာ  အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့  မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024