Home
မြန်မာသတင်း
၎ လအတွင်း ပြည်တွင်း၌ ငလျင်အကြိမ် ၇၀ ခန့် လှုပ်ခတ်
DVB
·
April 20, 2018
အခုနှစ် ဇန်န၀ါရီကနေ ဒီနေ့အထိ ပြည်တွင်းမှာ ငလျင်အကြိမ် ၇၀ လှုပ်ခဲ့ပြီး ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့တနှစ်လုံးလှုပ်ခဲ့တဲ့ အကြိမ်အရေအတွက်နဲ့ တူညီနေတယ်လို့ မိုးဇလဌာနကသိရပါတယ်။ အခုရက်ပိုင်းမှာ ငလျင်လှုပ်တဲ့အကြိမ်အရေအတွက် ခတ်စိတ်စိတ်ဖြစ်ပွားလာတဲ့အပေါ် မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာန၊မြေငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကို မေးကြည့်ရာမှာ ငလျင်ပြတ်ရွေ့ကြောလှုပ်ရှားတာနဲ့ မြေအောက်ကျောက်ဖျာတွေ ရွေ့လျးတာ မြန်လာလို့ ငလျင်လှုပ်တာ များလားတာလို့ ပြောပါတယ်။ “မြန်မာပြည်မှာရှိတဲ့ အဓိက သက်ရှင်ပြတ်ရွေ့တို့၊ နောက် ကျောက်ဖျာတွေ ရွေ့လျားမှုပေါ့ ဒီဟာတွေရဲ့ ရွေ့လျားမှုက ယခင်ကထက် မြန်လာတဲ့သဘောရှိတဲ့အတွက်ကြောင့်မို့လို့ လှုပ်ရှားမှုကလည်း အရင်ထက် ယခင်နှစ်တွေထက်စာရင် ပိုများလာတဲ့သဘော ရှိတယ်” ဒီကနေ့မနက်ကလည်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီးမှာ  အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့  မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မြန်မာစံတော်ချိန်  (၁၀)နာရီ၊ (၄၅)မိနစ်၊ (၂၂)စက္ကန့်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ  မြန်မာပြည်တွင်း ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၂၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ ဒီဂရီ၊ အနက်(၂၃)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ဆိုပါတယ်။ ခုသီတင်းပတ်တွင်း မြန်မာနိုင်ငံအတွင်းမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024