ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သတင်းပေး တိုင်ကြားနိုင်
DVB
·
April 20, 2018
ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး သတင်းပေး တိုင်ကြားကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ပြည်သူလူထုကို အသိပေး နှိုးဆော်ထားပါတယ်။
နိုင်ငံတော်အစိုးရရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေမှာ အကျုံးဝင်ပါလျက် အချိန်မီမရရှိတာ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်တာတွေကို သတင်းပေး တိုင်ကြားလိုပါက Help Line တယ်လီဖုန်းနံပါတ် ဝ၆၇- ၄ဝ၄၂၂၂၊ ဝ၆၇- ၄ဝ၄၉၉၉ သို့ ၂၄ နာရီ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
Photo : MSWRRMyanmar