Home
မြန်မာသတင်း
ဗိုလ်ချုပ်ဈေးအပါအဝင် အဆောက်အအုံ ၂၀ ကို ပြည်သူ့နားခိုရာအဖြစ်ပြုပြင်မည်
သူဇာလင်း
·
April 19, 2018
  ဗိုလ်ချုပ်အောင်ဆန်းဈေးအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ ၂၀ ကို ကမ္ဘာ့ဘဏ်ရဲ့ချေးငွေနဲ့ ပြန်လည်ပြုပြင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ အဆောက်အအုံ၊ တည်ဆောက်ရေးဌာနစုမှူးက ပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင် အများပြည်သူနားခိုရာ နေရာအဖြစ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်ရည်ရွယ်လုပ်ဆောင်မှာလို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကနေ ချေးငွေ ဒေါ်လာ ၁၁၇ သန်းကို မြန်မာနိုင်ငံအနေနဲ့ ချေးယူထားတာပါ။ ရန်ကုန်မြို့တော်စည်ပင်အနေနဲ့က ၉၆ သန်း အသုံးပြုမှာဖြစ်ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေကို ပြန်လည်ပြင်ဆင်တဲ့အပိုင်းအတွက်က ၂၂ သန်း သုံးစွဲသွားမယ်လို့ ပြောပါတယ်။ ၁၉၉၄ - ၉၅ ခုနှစ်ကတည်းက ရန်ကုန်မြို့မှာ ပုဂ္ဂလိကပိုင် အန္တရာယ်ရှိ အဆောက်အအုံ ၁၆၀၀ သတ်မှတ်ထားပြီး အခုအချိန်ထိ ပြုပြင်တည်ဆောက်ဖို့တွက် အဆောက်အအုံ ၁၀၀ ကျော် ကျန်သေးတယ်လို့  အင်ဂျင်နီယာအဆောက်အအုံ၊ တည်ဆောက်ရေးဌာနပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024