ပုဂံ-ညောင်ဦးဒေသရှိ ထန်းတောများထိန်းသိမ်းရေး စေတနာရှင်များဆောင်ရွက်နေ
DVB
·
April 19, 2018
ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတလျှောက်က ထန်းတောတွေ ထိန်းသိမ်းရေးအတွက် တော်ဝင်ထန်းလို့ အမည်ပေးထားတဲ့ စေတနာရှင်တွေက ဆောင်ရွက်နေပါတယ်။
စေတနာရှင်တွေဖြစ်တဲ့ မပိုးဖြူနဲ့ သူရဲ့သူငယ်ချင်းအလှူရှင်က ကျပ်သိန်း ၃၀၀ ကနဦး မတည်ပြီး ဆောင်ရွက်နေတာပါ။
စေတနာရှင်မပိုးဖြူက “ကျမတို့နိုင်ငံရဲ့ ပုဂံ-ညောင်ဦးဆိုတာက တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်နေရာတခုပါ။ ပုဂံ-ညောင်ဦးနဲ့ ၃၅ မိနစ်အကွာမှာ ရှိတဲ့ဒီထန်းတောတွေကလည်း နိုင်ငံကျက်သရေကို ပိုပြီးပြည့်စုံစေပါတယ်။ ဒေသခံထန်းသမားတွေဆီက ထန်းပင်ဝယ်ဖို့ တိုင်ပင်နေတယ်”လို့ သူရဲ့လူမှုကွန်ရက်မှာရေးပါတယ်။
ပုဂံ-ညောင်ဦးနဲ့ ကျောက်ပန်းတောင်းလမ်းတလျောက်မှာ ထန်းတောတွေကို ခုပ်နေကြတဲ့အတွက် ကွင်းပြင်ကြီးတွေ တစစ ဖြစ်လာနေပါတယ်။
ဒ့ါကြောင့် ထန်းပင်ထိန်းသိမ်းရေးအတွက် ဟောပြောပွဲနဲ့ ထန်းလျက်နဲ့ ထန်းထွက်ပစ္စည်း ၁၀ ရက်သင်တန်းပေးနိုင်ဖို့ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုနဲ့ ဆွေးနွေးထားတယ်လို့လည်း မပိုးဖြူကပြောပါတယ်။